တာလေမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံလက်ဝယ်အရောက် စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နေပြည်သူများထံ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများ သွားလာမှု အဆင်ပြေစေရေး ကွန်ကရစ်လမ်းများ ဆောင်ရွက်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပြည်သူများ သွားလာမှု အဆင်ပြေစေရေးနှင့် ရပ်ကွက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးစေရေး ရည်ရွယ်၍ မြို့တွင်းရပ်ကွ

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာကြည့်တိုက်ပညာသင်တန်း (၂/၂၀၂၄) ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီ အချိန်က စာကြည့်တိုက်ပညာသင်တန်း (၂/၂၀၂၄) ဆွေးနွေးသင်ကြားခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်စီးပွားရေးရာဝန်ကြီးဦးတင်အေး ဟင်္သာတ မြို့နယ်အတွင်း ဧရာဝတီမြစ်ရေကျဆင်းမူအခြေအနေများ ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့်တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ်ပိုင်းကဟင်္သာတမြို့နယ်အတွင်း ဧရာဝတီမြစ်ရေကျဆင်းမူအခြေအနေများအား လိုက်လံကြည့်ရူစစ်ဆေးခဲ့သည်။

ကြံခင်းမြို့၌ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကွင်းဆင်း တိုက်ဆိုင်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက ကြံတောအုပ်စုသို့သွားရောက်၍ ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးဆောင်ရွက်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်၊ အမျိုးသားအားက စားပွဲတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့်အောင်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်၊ အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့်အောင်နိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၃၁ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ရာအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ) မှ ကျောင်းအုပ်ကြီးနှင့်နည်းပြများ၊ အားကစားနည်းအလိုက် တာဝန်ခံများနှင့်အုပ်ချုပ်နည်းပြများ တက်ရောက်ကြသည်။

သာစည်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာစံညီစာကြည့်တိုက်များသို့ သုတရသစာအုပ်များလှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ရပ်ကွက်/ကျေးရွာ စံညီစာကြည့်တိုက်များသို့ သုတရသစာအုပ်များ လှူဒါန်းပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၃၁ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပေါင်းတည်၌ စည်ပင်သာယာရေးရန်ပုံငွေဖြင့် ငွေကျပ် ၃၂ သန်းကျော်တန် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခင်းကျင်း

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်စည်ပင်သာယာရေးရန်ပုံငွေဖြင့် ၁၃ လမ်း၊ အပိုင်း (၂) အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ခင်းကျင်းလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ် မရိုးတောကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဖွင့်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉:၃၀)နာရီအချိန်က မရိုးတောကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း အဆိုပါဌာနမှ သိရသည်။

မိုင်းယုမြို့၌ နမ့်လွေချောင်းရေများ ပြန်လည်ကျဆင်းပြီး သန့်ရှင်းရေးများပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး နမ့်လွေချောင်းရေကြီးမှုဖြစ်ပွား၍ အိမ်များသို့ ရေဝင်ရောက်လာမှုဖြစ်ပွားခဲ့ရာမှ ယနေ့နံနက်ပိုင်းက စတင်၍ ရေများပြန်လည်ကျဆင်းသွားသဖြင့် သန့်ရှင်းရေးများ ဝိုင်းဝန်းပြုလုပ်လျက်ရှိကြောင်း သိရသည်။
Subscribe to