မြို့သစ်မြို့တွင် ငရုတ်သီးစိမ်းစျေးနှုန်းများ စျေးကောင်းရ၍ စိုက်ပျိုးသူများပြား

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားပြီး လုပ်ကိုင်ကြပြီး မြို့နယ်အတွင်းမှ တောင်သူများသည် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်ပင်ကို အဓိကထား စိုက်ပျိုးခဲ့ရာ ငရုတ်သီးဈေးများ စျေးကောင်းရ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မြောင်းမြမြို့၌ စာဖတ်ရှိန်မြှင့်မားလာရေးအတွက် (Mobile Library Bus) ဖြင့် ကျောင်းများနှင့် ကျေးရွာများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများနှင့် ပြည်သူများ စာပေနှင့် စဉ်ဆက်မပြတ်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန် ပိုမိုမြှင့်မားလာစေးရေးအတွက် (Mobile Library Bus) ဖြင့် ယမန်‌နေ့ နံနက်ပိုင်း အ.ထ.က (၄) ကျောင်း၊ မုဆိုးကွင်းကျေးရွာနှင့် ကျိုက်ညီနောင်ကျေးရွာများသို့ သုတ/ရသ စာအုပ်၊ စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက် ငှားရမ်းပေးခဲ့သည်။

တာချီလိတ်မြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဗိုလ်ချုပ်လမ်းမကြီးနှင့် ရပ်ကွက်အချို့၌ ရေကြီးရေလျှံမှုဖြစ်ပေါ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့မှစတင်၍ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ်ကျော်လွန်ကာ ယမန်နေ့ညမှစ၍ ဗိုလ်ချုပ်လမ်းမကြီးနှင့် ရပ်ကွက်အချို့တွင် ရေများဝင်ရောက်ကာ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့ မူလွန်(မက်မွန်မုန်း)ကျောင်းတွင် School Milk Programme အစီအစဉ်ဖြင့် ကျောင်းသား ကျောင်းသူများကို အာဟာရပြည့်နွားနို့နှင့် ကြက်ဥတိုက်ကျွေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအား ကျန်းမာသန်စွမ်းပြီး ဗလငါးတန်နှင့်ပြည့်စုံ၍ ပညာရေးတွင် ထူးချွန်သည့် လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ Sunjin Myanmar Company၊ မိုးရိပ်ရှမ်းတောင်ပရဟိတအသင်း၊ ကရုဏာရှင်လူမှုကူညီရေးအသင်းနှင့် ရောင်စုံပန်းခင်းလူမှုကူညီရေးအသင်းတို့ ပူးပေါင်းပြုလုပ်သော School Milk Programme အစီအစဉ်ဖြင့် အာဟာရတိုက်ကျွေးခြင်းအား ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက မက်မွန်မုန်းကျေးရွာအုပ်စု၊ မက်မွန်မုန်းကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးချိန်တွင် လုပ်ငန်းခွင်ဝင်ရောက်သူများပြား

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးချိန်ကာလတွင် လယ်ယာစိုက်ပျိုးခြင်း၊ တောင်ယာစိုက်ပျိုးခြင်းလုပ်ငန်းများဖြင့် စိုက်ပျိုးရေးကို အခြေခံသည့် ဒေသတစ်ခုဖြစ်ရာ နေ့စားအလုပ်သမားများ တွက်ခြေကိုက်နေကြောင်း လယ်စိုက်တောင်သူများ ထံမှသိရသည်။

မိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ်၊ တပ်နယ်မှူးဒိုင်းဘော်လီဘော (ကျား/မ)ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မိုင်းတုံအခြေချစစ်ဗျူဟာဝန်းအတွင်းရှိ မိုးလုံလေလုံခန်းမ၌ ယမန်နေ့ညနေ(၄:၁၅)အချိန်က တပ်နယ်မှူးဒိုင်းဘော်လီဘော (ကျား/မ) ပြိုင်ပွဲဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲအခမ်းအနားသို့ စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီး ထင်ကျော်နှင့် တပ်နယ်အတွင်းရှိ စစ်သည်/ရဲမေများ၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့်အဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံ ပဲတီစိမ်း ၁၈၀၁ ဧက သိမ်းဆည်းခြွေလှေ့ပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ပဲတီစိမ်းသီးနှံ စိုက်ခင်းများမှာ သိမ်းဆည်းခြွေလှေ့ချိန်ရောက်ရှိပြီဖြစ်၍ ဒေသခံတောင်သူများက နေ့စားအလုပ်သမားများငှားရမ်း၍ ဇွန်လ စတုတ္ထပတ်က စတင်သိမ်းဆည်းခြွေလှေ့လျက်ရှိရာ ယနေ့အထိ (၁၈၀၁) ဧက သိမ်းဆည်းခြွေလှေ့ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေး စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေး စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ ရောက်ခဲ့ကြသည်။

ကျိုင်းတုံမြို့၌ သွေးလွန်တုပ်ကွေး‌‌ရောဂါနှင့် ဝမ်းပျက်/ဝမ်းလျှောရောဂါကာကွယ်ရေး ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သွေးလွန်တုပ်ကွေး‌‌ရောဂါနှင့် ဝမ်းပျက်/ဝမ်းလျှောရောဂါကာကွယ်ရေး ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီက ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ လုပ်သားရွာ၊ ဓမ္မာရုံတွင် ကျန်းမာရေးဝန်ထမ်းများနှင့်တာဝန်ရှိသူများက ဆောင်ရွက်သည်။

လဲချားတွင် အား/ကာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပနိုင်ရေး rehearsal ပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စု/ကလပ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပနိုင်ရေးအတွက် rehearsal ပြုလုပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီနာရီအချိန်က မြို့နယ်အားကစားကွင်းတွင် ကျင်းပခဲ့ပါသည်။
Subscribe to