အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ ရေဘေးကြိုတင်ပြောင်းရွှေ့သည့် အိမ်ထောင်စုများအား နေ့လယ်စာ၊ အချိုရည်နှင့်မုန့်များ ထောက်ပံ့ပေး

ကျောင်းကုန်း ဩဂုတ် ၂

အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဝေလင်းသည် ကျုံပျော်ခရိုင်၊ကျောင်း ကုန်းမြို့ အမှတ် (၂) ရပ်ကွက်၊ မျက်ရှင်တော်ပြည်လုံးချမ်းသာဘုရားကြီးအတွင်းရှိ ဓမ္မသဟာ ရမဉ္ဇရီဗိမာန်၌ ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်ခန့်က ရေဘေးကြိုတင်ပြောင်းရွှေ့သည့်အိမ် ထောင်စုများအားတွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့သည်။

ထို့နောက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှလှူဒါန်းသည့် နေ့လယ်စာဒံပေါက်ထမင်း၊ အချိုရည်နှင့်မုန့်များ လိုက်လံဝေငှပေးခဲ့ကြသည်။ အဆိုပါ ရေဘေးကြိုတင်ပြောင်းရွှေ့သည့် မြို့မကျောင်းဟောင်း၊ ရတနာပုံရိပ် သာကျောင်းနှင့်ဥယျာဉ်ကြီးကျောင်းတို့မှ စုစုပေါင်း (၁၁၇) ဦးတို့အား ‌လှူဒါန်းပေးပြီး၊ ဒက္ခိဏာရာမ (ရွှေကျင်) ပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တနန္ဒာစရိယအား ဝါဆိုသင်္ကန်းနှင့်လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝင်းကြိုင် (ပြန်/ဆက်)