ကန်ကြီးထောင့် ဩဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ဒါးကကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်း၊ ရထားသံလမ်းကူးအား ရေဖြတ်ကျော်မှုအပေါ် ဩဂုတ်လ (၁) ရက်နေ့ နံနက် ၉နာရီ ၄၅ မိနစ် အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက ရေစုတ်ထုတ်မှုများအား ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ရေများစုတ်ထုတ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဠ ဦးမြင့်အောင်၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးနှင့် သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့များနှင့် တာဝန်ရှိသူများက ဒါးကကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်းမိုင်တိုင်အမှတ် 91/4 နှင့် 91/5 အကြားရှိ ရထားသံလမ်းကူးတွင် ရေများဖြတ်ကျော်မှုအပေါ် ရေစုတ်ထုတ်မှုများအား ဆောင်ရွက်ခဲ့ကြပြီး လမ်းသွားလမ်းလာများအဆင်ပြေချောမွေ့စေရန်အတွက် သဲနှင့်ကျောက်များအား ဆက်လက်ဖြည့်တင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)