ရမည်းသင်းမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရမည်းမြို့နယ်ဦးစီးဌာနမှူးရုံးမှကြီးမှူး၍ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉နာရီခွဲက ရမည်းသင်းမြို့နယ် ရွှေဒါးရွှေကုန်းကျေးရွာအုပ်စု၊ ဆည်တွင်းကျေးရွာယွန်းကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။