ရမည်းသင်းမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရမည်းသင်း ဩဂုတ် ၂

မန္တလေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရမည်းမြို့နယ်ဦးစီးဌာနမှူးရုံးမှကြီးမှူး၍ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉နာရီခွဲက ရမည်းသင်းမြို့နယ် ရွှေဒါး‌ရွှေကုန်းကျေးရွာအုပ်စု၊ ဆည်တွင်းကျေးရွာယွန်းကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ရမည်းသင်းမြို့နယ် သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးမှူး ဦးသိန်းထိုက်က လူဦးရေစာရင်းတိကျမှန်ကန်ရေး ပြည်သူအားလုံးပါဝင်ကြစေလိုကြောင်း၊ သန်းခေါင်းစာရင်းကောက်ရသည့် ရည်ရွယ်ချက်များဖြစ်သည့် အခြေခံပညာကျောင်းများ၊ ဆေးရုံ၊ ဆေးခန်း၊ ရေပေးဝေမှုစနစ်၊ လျှပ်စစ်ဓါတ်အားဖြန့်ဝေမှု၊ အလုပ်အကိုင်အခွင့်အလန်းများ၊ လူမှုစီးပွားဖွံဖြိုးတိုးတက်ရေးတို့အတွက် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း စာရင်းစစ်၊ စာရင်းကောက်လုပ်ငန်းများနှင့် စာရင်းကောက်ရည်ညွန်ချိန်၊ စာရင်းကောက်မေးခွန်းပုံစံ၊ သန်းခေါင်စာရင်းကောက်ယူရခြင်းသည် ပြည်သူများ၏အလုပ်အကိုင်များနှင့် အသက်အပိုင်းအခြားတိကျစေရေးနှင့် လူမှုစီးပွားဖွံဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အဦများစသည်တို့ကို ကောက်ကွက်အလိုက် စနစ်တကျ ကောက်ယူဆောင်ရွက်နိုင်ရေး လုပ်ငန်းအဆင့်ဆင့်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ရွှေဒါးရွှေကုန်းအုပ်စုအတွင်းရှိ ကျေးရွာပြည်သူများမှ သန်းခေါင်စာရင်းကောက်ယူရေးအသင်းအဖွဲ့များမှ သန်းခေါင်စာရင်းကောက်ယူမှုနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားရှင်းလင်းကာ သန်းခေါင်စာရင်းဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)