ရွှေပြည်သာမြို့နယ်ရှိ အခွန်ထမ်းပြည်သူများအား အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းပွဲ ကျင်းပ

ရွှေပြည်သာ ဩဂုတ် ၂

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ အခွန်ထမ်းပြည်သူများအား အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းပွဲကို ဇူလိုင်လ ၃၁ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပသည်။

အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းပွဲတွင် မြို့နယ်အခွန်ကောက်ခံမှုဆိုင်ရာ အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အတွင်းရေးမှူး မြို့နယ်အခွန်ဦးစီးမှူး ဦးသက်ဝေတို့က အခွန်ထမ်းပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအား အခွန်ဆိုင်ရာများကို အသိပညာပေးရှင်းလင်းကာ တက်ရောက်လာကြသူများက သိရှိလိုသည်များကိုမေးမြန်းရာ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

အသိပညာပေး‌ရှင်းလင်းပွဲသို့ မြို့နယ်အခွန်ကောက်ခံမှုဆိုင်ရာ အထောက်အကူပြုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်အခွန်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အခွန်ထမ်းပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရသည်။

နေမျိုးထွန်း (ပြန်/ဆက်)