ကဝမြို့နယ်တွင် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်

ကဝ ဩဂုတ် ၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ကမ်းမြောင်ကျေးရွာအုပ်စု၊ ပြည်တော်သာကျေးရွာ‌တွင် ဇူလိုင်လ (၂၇) ရက်နေ့က ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပြိုလဲခြင်းနှင့် အမိုးလန်ပျက်စီးခြင်းအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် (၃၁) ရက် မွန်းတည့် (၁၂) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ကဝမြို့နယ်၊ ကမ်းမြောင်ကျေးရွာအုပ်စု၊ ပြည်တော်သာကျေးရွာတွင် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း တစ်စိတ်တစ်ပိုင်း ပြိုကျပျက်စီးကာ နေအိမ်(၁၃)လုံးပြိုလဲပျက်စီးခဲ့ပြီး၊ (၂၂) လုံး အမိုးလန်ပျက်စီးခဲ့ရာ လေဘေးသင့်ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းနှင့် အိမ်‌ခြေစုစုပေါင်း (၃၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ ပလတ်စတစ်ပုံး (၁၃) ပုံးနှင့် ကျောင်း/အိမ်များ ပြန်လည်တည်ဆောက်နိုင်ရန် ထောက်ပံ့ငွေ (၂၄၅၀၀၀၀) ကျပ်နှင့် စားနပ်ရိက္ခာအတွက် (၂၉၁၉၀၀) ကျပ် စုစုပေါင်း (၂၇၄၁၉၀၀) ကျပ်ကို လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရဲဇော်ဟိန်း (ပြန်/ဆက်)