မိုင်းယောင်း ဩဂုတ် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းခိုင်တို့နှင့်အတူ မြို့နယ်အတွင်း သစ်တောဦးစီးဌာနမှ Research ပြုလုပ်နိုင်ရေး အကြိုဆွေးနွေးခြင်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မွန်းလွဲပိုင်းတွင် မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့မှ (၅/၂၀၂၄) နှင့် (၆/၂၀၂၄) သင်တန်းများသို့ စေလွှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေ အသိပညာပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဝင်များ စုစုပေါင်းအင်အား (၅၀) ဦးဖြင့် ကျင်းပဆောင်ရွက်ခဲ့သည်။
ထို့ပြင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ဟောင်ကြန့်ကျေးရွာအုပ်စု၊ ခိုကဲကျေးရွာ၊ တပ်ဦးကျောင်းတွင် ဩဂုတ် (၅) ရက်နေ့မှ (၉) ရက်နေ့ထိ ဥပ္ပာသန္တိကျမ်းမြတ် အသံမစဲ ရွတ်ဖတ်ပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)