ရေကြည် ဩဂုတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင်၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၁)တေဇာသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးအဆင့်တွင် ဆုရရှိခဲ့သည့် ကျောင်းသား/ကျောင်းသူများနှင့် (၆)ဘာသာဂုဏ်ထူးရှင်(၃)ဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်မှဂုဏ်ပြုဆုများချီးမြှင့်ခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁ )ဗိုလ်မှူးရဲသီဟထွန်း၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်စိုးတို့မှ (၅)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၆)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၂၁)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၄၈)ဦးတို့အား ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများကို သင်ကြားပြသပေးခဲ့သည့် သင်ကြားရေး ဆရာ/ဆရာမများကိုလည်း မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရေကြည်မြို့နယ် အတိုင်းအတာအနေဖြင့် အောင်မြင်မှုရာခိုင်နှုန်းမှာ (၅၇.၅၆%)ရှိပြီး၊ တိုင်းဒေသကြီးအဆင့်တွင် သိပ္ပံဘာသာတွဲမှာ အဆင့်(၅)နှင့်အဆင့်(၇)၊ ဝိဇ္ဇာဘာသာတွဲမှာ အဆင့်(၇)ရရှိခဲ့ကြောင်း သိရသည်။ ဆက်လက် ကျောင်းသား/ကျောင်းသူများမှ ကဗျာလွတ် အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ပြီး ဇာတိမာန်တေးသီချင်းဖြင့် အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)