ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေး ယာယီသံဘောင် ဘေလီတံတားတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

ဇလွန် သြဂုတ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၁၀ နာရီတွင် ကတော့ကရက်ကျေးရွာအုပ်စု၊ ကတေ့ာကရက်ကျေးရွာအနီး ဇလွန်-ပျဥ်းမကုန်း-ရှမ်းစုလမ်း မိုင်တိုင်အမှတ် ၅/၅ - ၅/၆ ကြားတွင် မိုးသည်းထန်စွာရွာသွန်း၍ မိုးရေတိုက်စားမှုကြောင့် တံတားအမှတ် (၁/၆) နိမ့်ကျပျက်စီးခဲ့ပြီး အများပြည်သူများ သွားလာရေးပြတ်တောက်မှုမရှိစေရေးအတွက် ယာယီသံဘောင် ဘေလီတံတား တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိ့နှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့် တာဝန်ရှိသူများသည် အများပြည်သူများ သွားလာရေးပြတ်တောက်မှုမရှိစေရေးအတွက် မြို့နယ်လမ်းဦးစီးဌာနမှ အရှည် ၄၀ ပေ ၊ အကျယ် ၁၆ ပေ Single Single အမျိုးအစား ယာယီသံဘောင် ဘေလီတံတား ဆောက်ရွက်ပေးလျက်ရှိမူအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တံတားတည်ဆောက်မှု (၇၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြပ်မတ်ကြည့်ရှုစစ်ဆေး၍ တံတားအမြန်ဆုံး ထိုးနှံပြီးစီးအောင် ဆောင်ရွက်စေရေးမှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိ့နှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)