လေးမျက်နှာမြို့နယ် ဌာနဆိုင်ရာများစုပါင်း၍ ခြောက်ဆယ်ကျေးရွာအုပ်စုရှိ ရေဘေးသင့်ပြည်သူများကို ထမင်းဘူးများ ထောက်ပံ့လှူဒါန်း

လေးမျက်နှာ ဩဂုတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ‌မိုးရေမြင့်တက်မှုနှင့် ငဝန်မြစ်ရေဝင်ရောက်မှုတို့ကြောင့် ဌာနဆိုင်ရာများစုပေါင်း၍ ခြောက်ဆယ်ကျေးရွာအုပ်စုရှိ ရေဘေးသင့်ပြည်သူများကို ထမင်းဘူးများ ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသိန်းထိုက်နှင့် ဌာနဆိုင်ရာများစုပေါင်း၍ ခြောက်ဆယ်ကျေးရွာအုပ်စုရှိ ရေဘေးသင့်ပြည်သူများကို ထမင်း (၂၀၀)ဘူးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် သွားရောက်လှူဒါန်းပေးခဲ့သည်။

လေးမျက်နှာမြို့နယ်အတွင်း မိုးရေနှင့် မြစ်ရေကြောင့် ရေနစ်မြုပ်နေသော အိမ်ထောင်စုများအတွက် အထောက်အပံ့ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ လိုအပ်သည်များကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းများ၊ ပရဟိတအဖွဲ့များနှင့် အလှူရှင်များပူပေါင်း၍ လှူဒါန်းခြင်း၊ ထောင်ပံ့ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးသက်ကို(ပြန်/ဆက်)