လဲချား သြဂုတ် ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ကလေးစာဖတ်ခန်းတွင် ကလေးလူငယ်များစာပေဖတ်ရှုသည့် အလေ့အထကောင်းများဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ ကလေးစာကြည့်တိုက်အပေါ် စိတ်ပါဝင်စားလာစေရန်၊ ကလေးစာဖတ်ခန်းနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က ကလေးစာဖတ်ခန်းတွင် ဥာဏ်စမ်းဟေဠိကစားခြင်းများကို ကျင်းပပြုလုပ်ပေးခဲ့ကြောင်းသိရါသည်။
အဆိုပါကလေးစာဖတ်ခန်းတွင် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ပိုပိုအောင်က ကလေးများအား ဥာဏ်စမ်းပဟေဠိမေးခွန်းများ ကစားနည်းဖြင့် မေးမြန်းချက်များပြုလုပ်ခဲ့ရာ ကလေးငယ်များမှ ပျော်ရွှင်၍ စိတ်ပါဝင်စားစွာလိုက်ပါဆောင်ရွက်ခဲ့ကြကြောင်းနှင့် အဆိုပါဥာဏ်စမ်းပဟေဠိမေးခွန်းကစားခြင်းတွင် ကလေးငယ် (၁၅)ဦး ပါဝင်ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)