မင်းဘူးမြို့၌ ဆေးရောင်ခြယ်၊ အရုပ်ဆက်နှင့် စကားပုံဆက် ပြိုင်ပွဲများကျင်းပ

မင်းဘူး ဩဂုတ် ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့က ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ဆေးရောင်ခြယ်၊ အရုပ်ဆက်နှင့် စကားပုံဆက်ပြိုင်ပွဲများကို ကျင်းပပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကျင်းပရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေသာမက ကာယ၊ ဉာဏ၊ စာရိတ္တနှင့် မိတ်တ၊ ဘောဂစသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ အသိအမြင်ရှိပြီး၊ အတွေးအခေါ်များ ရင့်ကျက်ကာ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ ဆေးရောင်ခြယ်၊ အရုပ်ဆက်နှင့် စကားပုံဆက်ပြိုင်ပွဲများ ကျင်းပရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ထို့နောက်‌ မင်းဘူးမြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်းများမှ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် (၁၃) ဦး၊ အရုပ်ဆက်ပြိုင်ပွဲတွင် (၁၂) ဦးနှင့် စကားပုံဆက်ပြိုင်ပွဲတွင် (၁၂) ဦးဖြစ်၍ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၇) ဦး၊   ဝင်ရောက်ယှဉ်ပြိုင်ကြပြီး၊ ပြိုင်ပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် mini museum ခန်းရှိ မင်းဘူး(စကု)မြို့နယ်မှ ဒေသထွက် ပစ္စည်းများအား ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ဖတ်ရှုလေ့လာကြကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)