ကေတုမတီမြို့သစ်နေ ပြန်ကြားရေးဝန်ကြီး(ငြိမ်း) ဗိုလ်ချုပ်ကြည်အောင်၏ ဇနီး ဒေါ်ခင်ခင်လေးမှ သုတ၊ ရသ စာအုပ်စာစောင်များ လှူဒါန်း

တောင်ငူ သြဂုတ် ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်နေ ပြန်ကြားရေးဝန်ကြီး(ငြိမ်း)ဗိုလ်ချုပ်ကြည်အောင်၏ ဇနီး ဒေါ်ခင်ခင်လေး (စာရေးသူ မန်းခင်ခင်)မှ သုတ၊ ရသ စာအုပ်စာစောင်များကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က ၎င်း၏ နေအိမ်တွင် လှူဒါန်းသည်။

ထိုသို့လှူဒါန်းရာတွင် ပြန်ကြားရေးဝန်ကြီး(ငြိမ်း) ဗိုလ်ချုပ်ကြည်အောင်၏ ဇနီး ဒေါ်ခင်ခင်လေး (စာရေးသူ မန်းခင်ခင်)မှ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးထံသို့ သုတ၊ ရသ စာအုပ်စာစောင်(၈၀၀)ခန့်ကို ၎င်း၏နေအိမ်တွင်လှူဒါန်းရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက လက်ခံရယူပြီး ပြည်သူများ၏ကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းနှင့် အဆိုပါစာအုပ်စာစောင်များအား ခရိုင်ပြည်သူ့စာကြည့်တိုက်နှင့် ကျောင်းစာကြည့်တိုက်များသို့ စာဖတ်ရှိန်မြှင့်တင်‌ရေးပွဲ‌တော်တွင် ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)