ဝေါ ဩဂုတ် ၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်းကို ဩဂုတ် ၇ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမနှင့် ရေဘေးကယ်ဆယ်ရေးနေရာများ၌ ထောက်ပံ့မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းစိုးက ရေးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သန်းက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများနှင့်ပတ်သက်၍ စီမံဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရေဘေးသင့်သည့်ကန်တော်ရပ်ကွက်ရှိ အိမ်ထောင်စု(၂၃)စု၊ လူဦးရေ(၁၀၄)ဦးအတွက် (၂၁၈၄၀၀)ကျပ်၊ သစ်စက်ရပ်ကွက်ရှိ အိမ်ထောင်စု(၃၀)စု၊ လူဦးရေ(၁၁၃)ဦးအတွက် (၂၃၇၃၀၀)ကျပ်၊ အေးချမ်းသာယာရပ်ကွက်ရှိ အိမ်ထောင်စု(၂၂)စု၊ လူဦးရေ(၁၁၄)ဦးအတွက် (၂၃၉၄၀၀)ကျပ်၊ ဆင်ရွာကျေးရွာရှိ အိမ်ထောင်စု(၉)စု၊ လူဦးရေ(၄၄)ဦးအတွက် (၉၂၄၀၀)ကျပ်နှင့် အိမ်လဲပြိုကျခဲ့သည့် အိမ်တစ်လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပုံးတစ်လုံးနှင့် အိမ်ဆောက်စရိတ်တစ်သိန်းကျပ်၊ မြစ်ကျိုးကျေးရွာရှိ အိမ်ထောင်စု(၆၈)စု၊ လူဦးရေ(၂၅၈)ဦးအတွက် (၅၄၁၈၀၀)ကျပ်တို့ကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးမိုး (ပြန်/ဆက်)