ကျုံပျော်မြို့နယ်တွင် ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း ၁၆ ကျောင်း ယာယီပိတ်ထားရ

ကျုံပျော် ဩဂုတ် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ဒါးကချောင်းရေဝင်ရောက်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့က ဆင်ချောင်းကျေးရွာရှိ မူလတန်းကျောင်း တစ်ကျောင်း ထပ်မံပိတ်ခဲ့ရပြီး ယနေ့အထိ စာသင်ကျောင်း ၁၆ ကျောင်း ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ယာယီပိတ်ထားသော ကျောင်းများတွင် အ.ထ.က ၂ ကျောင်း၊ အ.လ.က ၃ ကျောင်း ၊ မူလတန်းလွန် ၁ ကျောင်းနှင့် မူလတန်းကျောင်း ၁၀ ကျောင်းတို့ပါဝင်ပြီး ၊ ကျောင်းဝန်းအတွင်းနှင့် ကျောင်းအသွားအပြန် လမ်းများတွင် ရေများဝင်ရောက်ကာ ကျောင်းတက်ရန် အခက်အခဲရှိသောကြောင့် ယာယီကျောင်းပိတ်ထားရခြင်း ဖြစ်သည်။

ရေပြန်လည်ကျဆင်း၍ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ပါက သင်ခန်းစာများ နောက်ကျမှု မရှိစေရေးအတွက် တနင်္ဂနွေနေ့များတွင် ကျောင်းဖွင့်လှစ်ကာ ပညာသင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)