လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး Talk Show

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ရွှေဘို ဩဂုတ် ၈ ရွှေဘိုခရိုင်ရုံး (ပြန်/ဆက်)

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို  စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများပေးအပ်

နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက  စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိသည်။

သရက်မြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေး ကျန်းမာရေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်ကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက အခြေခံပညာမူလတန်း အ.န.မကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ဗဟိုအဆင့်နှင့်တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲဗဟိုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၄)ကို ယနေ့နံနက် ၁၀နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြစ်သားမြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် စစ်တုရင်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

မြစ်သားမြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် စစ်တုရင်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ မြစ်သား ဩဂုတ် ၈ ရဲနိုင်ဦး(မြစ်သား)

ချောင်းသာ၌ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု(အခြေခံ)သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်

ချောင်းသာ၌ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု(အခြေခံ)သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ် ချောင်းသာ ဩဂုတ် ၈ ကျော်ကျော်(ပြန်/ဆက်)

ရမည်းသင်းမြို့နယ်၌ မျိုးစေ့တိုက်ရိုက်ချကိရိယာ (10 Rowseeder )ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂၈) စက်မှုလယ်ယာစခန်းအနေဖြင့် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်၊ မိုးစပါးသီးနှံ စိုက်ပျိုးချိန်တွင် စိုက်ပျိုးနည်းစနစ်မှန်ကန်ပြီး တစ်ဧကအထွက်နှုန်းတိုးတက်ကောင်း မွန်စေရန်နှင့် လုပ်သားရှားပါးမှု အခက်အခဲများကို အဓိကဖြေရှင်းပေးနိုင်စေရန် 10 Rowseeder (မျိုးစေ့တိုက်ရိုက်ချကိရိယာ)ကို အသုံးပြု၍ မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဆည်ကြီးကျေးရွာ၊ ကွင်းအမှတ် (၁၁၆၂) ရှိ ဒေသခံတောင်သူ ဦးနေမျိုးထွန်း၏ လယ်ယာမြေ၌ ကျင်းပခဲ့သည်။

သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ရုံးစာရေးသားနည်း သင်တန်း ၃/၂၀၂၄ ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊​ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးနှင့် မြို့နယ်ရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား လုပ်ငန်းအရည်အသွေး တိုးတက်မြင့်မားလာစေရန်နှင့် ရုံးလုပ်ငန်းများ မြန်ဆန်အောင်မြင်လာစေရန်အတွက် လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ရုံးစာရေးသားနည်းသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဒေသခံမွေးမြူရေးတောင်သူများအား တိရစ္ဆာန်အစာ ကောက်ရိုးချဉ်ဖတ်ပြုလုပ်နည်း လက်တွေ့သရုပ်ပြသ

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံမွေးမြူရေးတောင်သူများအား တိရစ္ဆာန်အစာများ ရှာဖွေဝယ်ယူအသုံးပြုမှု သက်သာအဆင်ပြေစေပြီး အစာပေါများစေရေးအတွက် ကောက်ရိုးချဉ်ဖတ်ပြုလုပ်နည်း အသိပညာပေးလက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to