ကန်ကြီးထောင့် ဩဂုတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်မောင်မယ်များ အသိပညာ၊ ဗဟုသုတများတိုးပွား၍ အချင်းချင်းဖလှယ်တတ်စေရန်၊ စာပေဖတ်ရှုလေ့လာမှုများ အားကောင်းလာစေရန်၊ အချင်းချင်း ချစ်ခင်ရင်းနှီးမှုများ တိုးပွားလာစေရန်အတွက် မြို့နယ်အဆင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်းရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်ဇော်မိုး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်သန်းစိုးနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ဆရာ/ဆရာမများက တက်ရောက်ခဲ့ကြပြီး မြို့နယ်အဆင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး၊ ကျောင်းသား/သူများ ပျော်ရွင်စွာပါဝင်ဆင်နွဲနိုင်ရန် ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲများအား ထည့်သွင်းနိုင်ရေး၊ သက်ဆိုင်ရာ ဆရာ/ ဆရာမများအား နေချထားပေးနိုင်ရေး၊ ကျင်းပပြုလုပ်မည့်နေရာနှင့် ပတ်သက်၍ အခင်းအကျင်းများအား ကြိုတင်ပြင်ဆင်ထားနိုင်ရေး အစရှိသည်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)