ကော့သောင်း ဩဂုတ် ၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ ဟောပြောပွဲနှင့်စာဖတ်ဝိုင်းကို ယမန်နေ့မွန်လွဲပိုင်းက အလက(ခွဲ)သီရိမြိုင်ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက စာဖတ်စွမ်းရည်မြင့်မားတိုးတက်စေရန်နှင့် အသိပညာဗသုတများတိုးပွားစေရန် အားလပ်ချိန်များတွင် ဗဟုသုတရရှိသည့် စာအုပ်၊ စာစောင်များအား ဖတ်ရှုလေ့လာရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/သူများအား စာဖတ်ဝိုင်းပြုလုပ်ပေး၍ မိမိဖတ်ရှု့ရသည့်စာအုပ်ထဲမှ ဗဟုသုတရရှိစေသည့် အကြောင်းအရာများအား ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)