မိုးညိုမြို့နယ်၌ အဖြူရောင်မေတ္တာ ပရဟိတအသင်းမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်း

မိုးညို ဇူလိုင် ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် ဒေါပုံမြို့နယ် အဖြူရောင်မေတ္တာ ပရဟိတအသင်းသား/အသင်းသူများက နေအိမ်များသို့ သွားရောက်၍ ယမန် နေ့က ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့လှူဒါန်းရာတွင် ဒေါပုံမြို့နယ် အဖြူရောင်မေတ္တာပရဟိတအသင်းမှ မိုးညိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စုအတွင်းရှိ  ထန်းပင်ကုန်းကျေးရွာ၊ ဥဩတန်းကျေးရွာနှင့် ပေတန်းကျေးရွာတို့ရှိ ရေဘေးသင့်အိမ်ထောင်စု (၂၅၀)စုအတွက် အိမ်ထောင်(၁)စုလျှင် ဆန် ၁ ပြည်၊ ဆီ ၁၀ သား၊ ကြက်သွန်နီ ၄၀ သား၊ ဆား ၂၀ သား၊ အချိုမှုန့် ၁ ထုပ်၊ ခေါက်ဆွဲခြောက် ၁ ထုပ်၊ ငါးသေတ္တာ ၁ ဘူးနှင့် ရေသန့် ၁လီတာ (၃)ဘူးတို့အား နေအိမ်များအရောက် ထောက်ပံ့ လှူဒါန်းခဲ့ရာ မိုးညိုမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဒေသခံလူမှုကူညီ‌ရေးအသင်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက ကူညီဆောင်ရွက်‌ပေးခဲ့‌ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)