အောင်လံမြို့၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ

အောင်လံ ဩဂုတ် ၁၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်(၁) နာရီက အ-ထ-က (၁) ရှေ့ ကျောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဘင်ခရာအဖွဲ့၊ ပန်းပွားအဖွဲ့နှင့် အားကစားသမားများ ချီတက်နေရာယူခဲ့ပြီး၊ ဘင်ခရာအဖွဲ့မှဦးဆောင်၍ နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် ပန်းပွားအဖွဲ့တို့မှ ဖျော်ဖြေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ အောင်လံခရိုင်ပညာရေးမှူးမှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး အခမ်းအနားအပြီးတွင် ဘင်ခရာဖွဲ့မှ ဦးဆောင်၍ အားကစားသမားများကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ရာ အလောင်းဘုရားအသင်းနှင့် ဘုရင်နောင်အသင်းတို့ ဖွင့်ပွဲကို စတင်ကစားခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)