စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးတို့အတွက် စာကြည့်တိုက်များ ဆောက်လုပ်မှုအား ကွင်းဆင်းကြည့်ရှု

မင်းဘူး  ဩဂုတ် ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာကြည့်တိုက်ဆောက်လုပ်ခြင်းလုပ်ငန်းအား ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်၊ ကျေးရွာစာကြည့်တိုက်ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါစာကြည့်တိုက်များ ဆောက်လုပ်သည့်နေရာမှာ စကုမြို့ အမှတ် (၁) ရှမ်းစုရပ်ကွက် ဦးပိုင်အမှတ် ၉၀/၉၁ အကွက်အမှတ် (B1-ရှမ်းစု) ဧရိယာ ၀ ဒသမ ၀၄ ဧကနှင့် ပင်လယ်သက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းရှေ့မှ ကျေးလက်စာကြည့်တိုက်များဖြစ်ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)