ကွန်ဟိန်းမြို့၌ ၀န်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်း(လီမိတက်)၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ကွန်ဟိန်း ဩဂုတ် ၁၁

ဝန်ထမ်းများ၏ လူနေမှုဘဝအဆင်ပြေစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်ရှိ ၀န်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်း(လီမိတက်)၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နမ့်ပန်ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းဉက္ကဋ္ဌ ဒေါ်သောင်းသောင်းအေးက အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းမင်းထွန်းက သမဝါယမလုပ်ငန်းစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ အသင်းသားစာရင်းစစ် အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်းများအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး အစီရင်ခံစာတို့အပေါ် အသင်း သားများ၏ ဆန္ဒများရယူကာ အတည်ပြုကြေညာခြင်း၊ အစုပေါ်အမြတ်/ စုဆောင်းပေါ်အတိုးများအား ထုတ်ပေးခြင်းနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး