မိုင်းခတ် ဩဂုတ် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီအချိန်က မိုင်းခတ်မြို့နယ်၊ မြို့မအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါဗိုလ်လုပွဲတွင် အာခါ(FC)အသင်းနှင့် KMA(FC)အသင်းတို့မှ ယှဉ်ပြိုင်ကစားကြပြီး အာခါ (FC)အသင်းမှ KMA(FC)အသင်းအား ပင်နယ်တီ ဆုံးဖြတ်ပြီး ၇ ဂိုး ၅ ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ ပထမဆုရရှိသော အာခါ(FC)အသင်းအား တံခွန်စိုက်ဆုဖလား၊ တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများ၊ ဒုတိယဆုရရှိသောKMA(FC)အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ၊ ရှေ့တန်းအကောင်းဆုံးဆု၊ အလယ် တန်းအကောင်းဆုံးဆု၊ နောက်တန်းအကောင်းဆုံးဆု၊ အကောင်းဆုံးဂိုးသမားဆု၊ ပွဲစဉ်တစ်လျှောက်အသန့်ရှင်းဆုံးဆု၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အားကစားသမားဆုများ၊ ဒိုင်အဖွဲ့များနှင့် အ.ထ.ကကျောင်းမှ သရုပ်ပြအကအဖွဲ့အား ဂုဏ်ပြုလက်ဆောင်များကို ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့ (အခြေချ)(မိုင်းခတ်)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်အေးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးအေးထွန်း၊ မြို့နယ်လဝကဦးစီးမှူးဦးလှမြင့်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းအေးမောင်တို့က တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)