မိုင်းယုမြို့၌ ရှေ့တန်းရောက် တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့

မိုင်းယု ဩဂုတ် ၁၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော ရှေ့တန်းရောက် တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာ ငါး ခြောက်ငါးခြမ်းကြော်များကို ယမန်နေ့က စုပေါင်းထောက်ပံ့ပေးပို့ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ငါးခြောက်ငါးခြမ်းကြော်လှော်ပေးပို့ခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေး ဦးဆောင်သည့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့ဦးစီးမှူး ဦးအောင်ပြည်စိုး၊ နယ်မြေခံစခန်းမှူး ရဲအုပ်နိုင်နိုင်ဝင်းနှင့် တပ်ဖွဲ့ဝင်မိသားစုများ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ပါဝင်သည့်အဖွဲ့များက ရှေ့တန်းရောက် တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာ တစ်ယောက်စာ တစ်ခါစား ငါးကလေး ခြောက်ကြော်အထုတ်(၅၀၀)နှင့် အသားတုခြောက်ကြော်အထုတ်(၅၀၀)၊ စုစုပေါင်း ငါးခြောက်ငါးခြမ်းကြော်အထုတ် ၁၀၀၀ ကို ကြော်လှော်ပေးပို့ခဲ့ကြသည်။

ယင်း စားသောက်ဖွယ်ရာ ငါးခြောက်ငါးခြမ်းကြော်များကို မိုင်းယုမြို့ရှိ ဌာနဆိုင်ရာများ၊ ကုမ္မဏီအသင်းအဖွဲ့များနှင့် ဒေသခံအလှူရှင်များက နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော ရှေ့တန်းရောက် တပ်မတော်သားများအတွက် စုပေါင်းပေးပို့လှူဒါန်း ကြခြင်းဖြစ်ကြောင်း သိရသည်။

ကိုကိုနိုင်