ညောင်ရွှေမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ညောင်ရွှေ ဩဂုတ် ၁၁

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၇ နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ရှိ အ.ထ.က(၂)ကျောင်းဝန်းအတွင်းနှင့် လမ်းဘေးဝဲယာတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်း နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများစုပေါင်း၍ အ.ထ.က (၂) ကျောင်းဝန်းအတွင်းနှင့် လမ်း‌ဘေးဝဲယာရှိပေါင်းမြက်နှင့် သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက် သရိုက်များ သိမ်းဆည်းစွန့်ပစ်ခြင်း၊ ခြင်များပေါက်ပွားမှုမရှိစေရေးအတွက် ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်မောင်