ဝေါမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် လယ်ယာမြေများပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း စစ်တောင်းမြစ်ရေမြင့်တက်ခဲ့မှုကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် ရပ်ကွက်၊ ကျေးရွာများရှိ လယ်ယာမြေများသည် ယခုအခါတွင် စစ်တောင်းမြစ်ရေပြန်လည်ကျဆင်းသွားပြီဖြစ်သောကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် လယ်ယာမြေများ ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီက ယနေ့နံနက်ပိုင်းတွင် ကံမြင့်ကျေးရွာရှိ လယ်ယာမြေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာတွင် တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှာက်မှုပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ၁၆ ကုတင်ဆံ့တိုင်းရင်းဆေးရုံနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာအဖွဲ့ခွဲအမှတ်(၁၂၇)ရှိ ယောဂီသူတော်စင်များနှင့် ဂေါပကအဖွဲ့ဝင်များအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှာက်ပေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်  ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု အခမ်းအနားဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမတွင် ဆောင်ရွက်ခဲ့သည်။

အမာမြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Youth Club)အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲ(၁)နာရီအချိန်က စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟင်္သာတတက္ကသိုလ်တွင် ဥပဒေပိုင်းဆိုင်ရာ အခြေခံအသိအမြင်များပို့ချခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတတက္ကသိုလ်၊ ပင်မလေးထပ်ဆောင် ဘွဲ့နှင်းသဘင်ခန်းမ၌ ဥပဒေပိုင်းဆိုင်ရာ အခြေခံအသိအမြင်များ ပို့ချခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က အဆိုပါနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ် လက်ပံကျွန်းကျေးရွာ၌ ရေဘေးသင့်ပြည်သူများသည် မိမိတို့၏နေအိမ်များသို့ ပြန်လည်ရောက်ရှိနေထိုင်

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာမှ ရေဘေးသင့်ပြည်သူများသည်  မိမိတို့၏နေအိမ်များသို့  ယနေ့ မွန်းလွဲပိုင်းက ပြန်လည်ရောက်ရှိနေထိုင် လျက်ရှိကြောင်းသိရသည်။

လက်ပံတန်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်

လက်ပံတန်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ် လက်ပံတန်း ဩဂုတ် ၁၂ မြိုနယ်(ပြန်/ဆက်)

ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းမှု ပိုမိုရရှိစေရန်ရည်ရွယ်၍ မူလတန်းအဆင့် မြန်မာစာစွမ်းရည်ပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to