မိုင်းခတ် ဩဂုတ် ၁၃
ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးများ အားလပ်သည့်အချိန်တွင် စာကြည့်တိုက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချစေရေး၊ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရေးနှင့် စဥ်းစားတွေးခေါ်မှုမြင့်မားစေရေးအတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် သုတရသစာအုပ်များပြသခြင်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်လက်ထောက်-၃ဒေါ်နန်းခင်ညွန့်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ကလေးအလုပ်သမား၏ အဓိပ္ပာယ်နှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြော၍ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူအရွယ်ကလေးများက သုတ/ရသစာအုပ်များနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ဝင်စားစွာ လေ့လာကြည့်ရှုကြပြီး မိမိကြိုက်နှစ်သက်ရာ စာအုပ်များငှားရမ်းခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)