ချမ်းမြသာစည် ဩဂုတ် ၁၃
အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)နှင့် အားကစားနှင့်ပညာရေး ပေါင်းစပ်အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော "လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ"ကို ယနေ့နံနက် (၉:၃၀)နာရီအချိန်က အားကစားနှင့် ကာယပညာဦးစီးဌာန ကြက်တောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး) ကျောင်းအုပ်ကြီး (ညွှန်ကြားရေးမှူး) ဦးမြင့်ခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းညိုက "တိုင်းရင်းသားမျိုးနွယ်စုကြီး(၈)ခု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းခိုင်က "ခေါင်းဆောင်မှုသဘောတရား"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက" လူငယ်နှင့်ခေါင်းဆောင်မှု" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက" လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေး ဟောပြောခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ မန္တလေးတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး) ကျောင်းအုပ်ကြီး (ညွှန်ကြားရေးမှူး) ဦးမြင့်ခိုင်နှင့် နည်းပြဆရာ/ဆရာမများ၊တိုင်းရင်းသား အခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းညိုနှင့် ဝန်ထမ်းများ၊တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းခိုင်၊ အားကစားနှင့်ပညာရေးပေါင်းစပ်အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၃၄၈)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့