ကံမမြို့နယ်၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ကံမ ဩဂုတ် ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုအဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၂)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း(မြို့မ)၌ ကျင်းပပြုလုပ်ခဲ့သည်။

မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးနှင့်ပတ်သက်သော ဗဟုသုတမေးခွန်းပေါင်း (၁၀၀)ကို ဖြေဆိုစေခြင်း ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပပေးခြင်းများပြုလုပ်လျက်ရှိပြီး ထိုကဲ့သို့ ပြုလုပ်ပေးခြင်းဖြင့် ကျောင်းသူ/ကျောင်းသားများတွင် ကျန်းမာရေးနှင့်ပတ်သက်သော ဗဟုသုတများရရှိပြီး ကျန်းမာရေးနှင့်ညီညွတ်သည့်အပြုအမူ၊ ဘဝနေထိုင်မှုပုံစံများသိရှိကျင့်သုံး စွဲမြဲစေမည်ဖြစ်ပြီး ကျောင်းသားလူငယ်များ၏ ကျန်းမာရေးအဆင့်အတန်းမြှင့်တင်နိုင်မည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)