လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ ကျင်းပ

ရမည်းသင်း ဩဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက လူကုန်ကူးမှု တားဆီကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးမှု တားဆီကာကွယ်ရေးဆိုင်ရာ လူအများအား လှည့်စားခြင်း၊ သွေးဆောင်ဖြားယောင်းခြင်းနှင့် သယ်ယူပို့‌ဆောင်ခြင်းတို့ကို အသိပညာပေး ဆွေးနွေးကာ စာပေဖတ်ရှုခြင်း အကျိုးကျေးဇူးများကို ရှင်းလင်းဟောပြောကြားသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်းအတွင်း ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူမှုဆိုင်ရာနှင့် ကလေးအလုပ်သမား ပပျောက်ရေး နံရံကပ်စာစောင် ပြသခြင်း၊ ပြည်သူ့စာကြည့်တိုက် သုတ၊ ရသ စာအုပ်များကို ပြသရာ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရသည်။

ခရိုင်(ပြန်/ဆက်)