ပျော်ဘွယ် ဩဂုတ် ၁၃
ပျော်ဘွယ်မြို့နယ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းဝင်များနှင့် စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမည်းသင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များ၊ မိမိတို့ကျေးရွာရှိ ကျေးရွာစာကြည့်တိုက်များ၊ စာသင်ကျောင်းများတွင်လည်း ကျောင်းသား၊ ကျောင်းသူများဖြင့် ယခုလိုစာဖတ်ဝိုင်းများ ကျင်းပပေးနိုင်ရေး အခြေအနေများ စသည်တို့ကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ စာဖတ်ဝိုင်းသို့တက်ရောက်လာသူများကကဏ္ဍအလိုက် အစုအဖွဲ့များသတ်မှတ်၍ ဩဂုတ်လ (၁)ရက်နေ့ထုတ်ဒို့ကျေးရွာဂျာနယ်တွင်ပါရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေး၊ သတင်းဆောင်းပါး စသည်တို့အနက်မှ သက်ဆိုင်ရာအကြောင်းအရာများကိုဖတ်ရှုကာ မိမိတို့ဖတ်ရှုထားသည့်အကြောင်းအရာများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)