ကံမမြို့နယ်၌ မိုးရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေများ ကျေးရွာအုပ်စု(၃၃)အုပ်စု ထုတ်ချေးပြီးစီး

ကံမ ဩဂုတ် ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ မိုးရာသီ စိုက်ပျိုးထုတ်လုပ်လုပ်မှု အဆင်ပြေစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄-ခုနှစ်  မိုးရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေများကို မြို့နယ်အတွင်း ကျေးရွာအုပ်စု(၅၂) အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူများအား ငွေကျပ်သိန်းပေါင်း (၂၇၀၀၀)ထုတ်ချေးပေးရန်လျာထားပြီး မိုးစပါးစိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ်တစ်သိန်းငါးသောင်းကျပ်နှုန်း မြေပဲ၊ နှမ်း အစရှိသည့် အခြားသီးနှံစိုက်ဧက တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ယနေ့အထိ ကျေးရွာအုပ်စု (၃၃)အုပ်စုမှ တောင်သူ(၃၆၂၅)ဦး၏ မိုးစပါး စိုက်ဧက(၉၈၀၂)ဧက၊ နှမ်း စိုက်ဧက(၁၁၁၇)ဧကနှင့် ပဲတီစိမ်း စိုက်ဧက(၃၈၀)ဧကတို့အတွက် စုစုပေါင်း ငွေကျပ်(၁၆၂၀၀)သိန်းအား ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။ 

ထိုသို့ ထုတ်ပေးရာတွင် ယနေ့နံနက်(၉)နာရီက ကညင်တိုင်းကျေးရွာအုပ်စုမှ တောင်သူ(၁၇၅)ဦးတို့၏ မိုးစပါးစိုက်ဧက(၆၅၀)ဧကအတွက်  မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ပေးလျက်ရှိပြီး ကျန်ရှိနေသော ကျေးရွာအုပ်စုများမှ တောင်သူများကိုလည်း ဆက်လက်၍ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)