စမ်းချောင်း ဩဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် စမ်းချောင်း (တောင်)ရပ်ကွက် သုံးပွင့်ဆိုင် မူကြိုကျောင်း၌ ယမန်နေ့နံနက်က ကျန်းမာရေးကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့တို့ ပူးပေါင်း၍ အာဟာရ ရက်သတ္တပတ် ဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပြောကြားခြင်းနှင့် ကိုယ်၀န်ဆောင်၊ နို့တိုက်မိခင်များနှင့် ၅ နှစ်အောက်ကလေးများအား သံဓာတ်အားဆေး၊ vitamin A သံချဆေးပြားနှင့် အာဟာရတိုက် ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြူသွယ်ထွန်း(ပြန်/ဆက်)