မိုင်းပျဉ်း သြဂုတ် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီက အခြေခံပညာ အထက်တန်းကျောင်းတွင်လည်းကောင်း၊ နံနက်(၁၁)နာရီတွင် အခြေခံပညာအထက်တန်း ကျောင်းခွဲတွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
အခြေခံပညာအထက်တန်းအဆင့်ရှိ ကျောင်းသား၊ကျောင်းသူများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အကြောင်းသိရှိပြီး ဗဟုသုတရရှိကြစေရန်ရည်ရွယ်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အကြောင်း အသိပညာပေးဟောပြောပွဲကိုကျင်းပကြရာ ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်နန်းဟွမ်နွမ်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ဉပဒေအရာရှိ ဦးနေလင်းထွန်းက ပြည်ထောင်စုရွေးကောက်ပွဲဆိုင်ရာဉပဒေများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်အယ်လ်ခွန်းမိုင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဉပဒေဆိုင်ရာ အခြေခံအသိအမြင်များအကြောင်း၊ လွှတ်တော်(၃)ရပ်အကြောင်း၊ ရွေးကောက်ပွဲအကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်နှင့် မဲဆန္ဒနယ်များ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်းဆိုင်ရာသိသင့်သိထိုက်သော အထွေထွေဗဟုသုများအကြောင်းတို့ကိုလည်းကောင်း ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အကြောင်း အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူး၊ သက်ဆိုင်ရာကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ ၊ G-12 နှင့် G-11မှ ကျောင်းသား၊ကျောင်းသူများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)