မိုင်းနောင် ဩဂုတ် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းနောင်မြို့၊ ဝမ်စိမ်းခန်းမတွင် ကျေးရွာမြေငှားဂရမ်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းရှူးခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လွင်က မြေငှားဂရမ်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြေငှားဂရမ်လျှောက်ထားသည့် ကျေးရွာပြည်သူလူထုများအတွက် မြေငှားဂရမ် (၂၄၀) ခုကို အခမ်းအနားတက်ရောက်လာသော တာဝန်ရှိသူများက အသီးသီးပေးအပ်ကာ မြေငှားဂရမ်ရရှိခြင်းအပေါ် ကျေးရွာပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မိုင်းရှူးခရိုင်၊ အုပ်ချုပ်ရေးမှူး၊ ဦးမောင်မောင်လွင်နှင့်ခရိုင်အဆင့်၊ မြို့နယ်၊ မြို့အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာပြည်သူများ စုစုပေါင်းအင်အား (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မနန်း(မိုင်းနောင်)