မင်းဘူး(စကု)မြို့နယ်၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ဉာဏ်စမ်းပြိုင်ပွဲများ ကျင်းပ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်းများပူးပေါင်းပြီး ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်းအမှတ် လှုပ်ရှားဆောင်ရွက်မှုဖြစ် ကျန်းမာရေးဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီ အချိန်က မင်းဘူးမြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။