မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ ဖော်ဆောင်ရေးဦးစီးကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

မွန်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ ဖော်ဆောင်ရေးဦးစီးကော်မတီ၏ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ကျင်းပရာ မွန်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းများဖော်ဆောင်ရေးဦးစီးကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများဖော်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ အခြေခံပညာကျောင်းများမှာ ကျောင်းသူ၊ ကျောင်းသားလေးများ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ကောင်းမွန်သည့်အလေ့အကျင့်ကောင်းတွေရှိဖို့၊ သာယာလှပအောင် ပြုစုစောင့်ရှောက်တတ်စေဖို့ အထူးအလေးထားပြုစုပျိုးထောင်လေ့ကျင့်သင်ကြားပေးလျက်ရှိပါကြောင်း၊ သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းပေါ်ထွန်းလာရေးအစီအမံများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို အခြေခံပညာကျောင်းနေအရွယ် လူငယ်များအပြင် မိဘအုပ်ထိန်းသူများ၊ ဆရာ/ ဆရာမများ၊ ဒေသခံပြည်သူများ အားလုံးမှ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နိုင်‌စေရေး စဉ်ဆက်မပြတ်အင်တိုက်အားတိုက် ဆောင်ရွက်‌ပေးသွားကြရမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်တွင် အမျိုးသားအဆင့်သန့်ရှင်း၍စိမ်းလန်းစိုပြည်သော အကောင်းဆုံးကျောင်းဆုများကို (၂)နှစ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့ပြီး ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်တွင်လည်း အဆိုပါ ဆုများရရှိအောင် ကြိုးစား‌ဆောင်ရွက်‌ပေးစေလိုကြောင်း၊ ပြည်နယ်အတွင်းအခြေခံပညာကျောင်းများအနေဖြင့် မိမိတို့ကျောင်းသန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ဖော်ဆောင်နိုင်ရေး အတူတကွပူးပေါင်း၍ ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးကြရန်နှင့် ကော်မတီဝင်များမှလည်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။

မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ စာရှိန်မြှင့်တင်ရေး မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၌ ၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို အက အရေး အတီးပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို အက အရေး အတီး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီ အချိန်က ဖွင့်ကျင်းပခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးသည့် ပေါ‌‌လောက်ကျေးရွာအုပ်စုနှင့် ထီးဖိုးကိန်ကျေးရွာစု ဆက်သွယ်သည့်လမ်းအား ဒေသခံပြည်သူများ စုပေါင်းပြင်ဆင်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါလောက်ကျေးရွာအုပ်စုနှင့် ထီးဖိုးကိန်ကျေးရွာအုပ်စုတို့ ဆက်သွယ်ထားသော လမ်းအား (၁)မိုင်၊ (၅)ဖာလုံခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ ကောက်ယူရေးနှင့် ပတ်သက်၍ ရပ်ကွက်/ကျေးရွာဥက္ကဋ္ဌများနှင့် စာရေးများ ပါဝင်ရမည့် အခန်းကဏ္ဍများအားဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်း ကောက်ယူရေးတွင် ရပ်ကွက်/ ကျေးရွာဥက္ကဋ္ဌများနှင့် စာရေးများ ပါဝင်ရမည့် အခန်းကဏ္ဍများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်းက ရှင်းလင်းဆွေးနွေးခဲ့သည်။

ကျိုက်ထိုမြို့ အ.မ.က(အောင်မင်္ဂလာ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၁၀)နာရီက ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်ရှိ အ.မ.က(အောင်မင်္ဂလာ)၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးတွင် ကောင်စစ်ဝန်ချုပ်အဖြစ် တာဝန်ထမ်းဆောင်မည့် မစ္စကောင်းဖျင်အား လက်ခံတွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးတွင် ကောင်စစ်ဝန်ချုပ်အဖြစ် တာဝန်ထမ်းဆောင်မည့် မစ္စကောင်းဖျင် (Ms.Gao Ping) အား ယမန်နေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

မင်္ဂလာဒုံမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ လူငယ်ရေးရာကော်မတီနှင့်ပူးပေါင်းလျက် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲကို အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်း (အ.ထ.က-ခွဲ)၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
Subscribe to