နတ်မောက် ဩဂုတ် ၁၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာ ထယ်ထိုးမြေမြှုပ်၍ သစ်စိမ်းမြေဩဇာကျွေးခြင်း တောင်သူအသိပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က နတ်မောက်မြို့ တမာပင်ရပ်ကွက် တောင်သူဦးအောင်အောင်၏ စပါးစိုက်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ်တွင် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စပါးမစိုက်ပျိုးမီလယ်မြေနှင့် ဝါမစိုက်ပျိုးမီယာမြေများတွင် ပိုက်ဆံလျှော်ပင်စိုက်ပျိုး၍ ထယ်မှောက်ကာသစ်စိမ်းမြေဩဇာကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ကွင်းသရုပ်ပြခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိမှ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာထယ်ထိုးမြေမြှုပ်၍ သစ်စိမ်းမြေဩဇာကျွေးခြင်း ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ကျေးရွာအုပ်စု(၁၅)အုပ်စုမှ တောင်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း