တောင်ငူမြို့ အ.ထ.က(၁)၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ

တောင်ငူ သြဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်()အခြေခံပညာအထက်တန်းကျောင်း၌ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်()နာရီအချိန်က ကျင်းပသည်။

ရှေးဦးစွာ တောင်ငူခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်​​ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမီမီခင်က ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကူးစက်ရောဂါများ၊ သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းတို့ကို အသိပညာပေးဟောပြောဆွေးနွေးသည်။ ထို့နောက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမီမီခင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာထွန်း၊ အ.ထ.က()ကျောင်းအုပ်ဆရာမကြီး နော်ဖောဇာအေးတို့က ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ပန်းချီပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်သည်။ ဆက်လက်၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမီမီခင်၊ မြို့နယ်ပညာရေးမှူးဒေါ်ဥမ္မာထွန်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ကျောင်းသားကျောင်းသူများအား အာဟာရနို့ထမင်းတိုက်ကျွေးခြင်းဆောင်ရွက်ပြီး ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက တစ်ကိုယ်ရေသန့်ရှင်းရေး၊ လက်ဆေးခြင်း၊ စနစ်တကျသွားတိုက်နည်းနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ဆောင်ခြင်းတို့ကို လက်တွေ့ပြသပြီး ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ပန်းချီပြိုင်ပွဲတွင် ဆုရရှိသောပန်းချီလက်ရာများ၊ အာဟာရရှိသော အစားအစာများကို ကျောင်းသားကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)