လှည်းကူးမြို့နယ်တွင် သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

လှည်းကူး သြဂုတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ လှည်းကူးမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများအား ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၉ နာရီ မှ မွန်းလွဲ ၂ နာရီထိ လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံကြီး၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသောင်းဒန်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့်ဝန်ထမ်းများကလည်း တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ သက်ကြီးရွယ်အို(၁၁၀)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက လှည်းကူးမြို့နယ်သက်ကြီးရွယ်အိုများ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းငန်းကော်မတီသို့ အလှူငွေများကိုလှူဒါန်းပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)