ဝေါမြို့နယ်၌ မြို့နယ်အဆင့်ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအဆင့်မြှင့်ကျောင်းထူးချွန်ဆုရကျောင်းများနှင့် စာစီစာကုံး/ပန်းချီပြိုင်ပွဲဆုရ ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ မြို့နယ်အဆင့်ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအဆင့်မြှင့်ကျောင်းထူးချွန်ဆုရကျောင်းများနှင့် စာစီစာကုံး/ပန်းချီပြိုင်ပွဲဆုရ ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉း၃၀ က ဝေါမြို့အခြေခံပညာအထက်တန်းကျောင်း သီရိဇေယျာခန်းမ၌ ကျင်းပသည်။