မောက်မယ် သြဂုတ် ၁၆
သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ယမန်နေ့ နံနက် (၁၀) နာရီက အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်) နှင်းဆီဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင် ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးနေဝင်းက ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်တတ်ပြီး သဘာဝဘေးအန္တရာယ်များ မဖြစ်ပေါ်မီ ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ဖြစ်ပေါ်စဉ်တွင် ပြုလုပ်ဆောင်ရွက်ရန်အချက်များ၊ ဖြစ်ပေါ်ပြီးပါက ရှောင်ရှားသင့်ရန်အချက်များကို ပြောကြားရာ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက မှတ်သားထားသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)