ကျုံပျော်မြို့နယ်တွင် ရေဝင်ရောက်မှုကြောင့် ပိတ်ထားသည့်ကျောင်းများမှ စာသင်ကျောင်း ၁၀ ကျောင်းပြန်လည်ဖွင့်လှစ်

ကျုံပျော် ဩဂုတ်  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ဒါးကချောင်းရေဝင်ရောက်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စာသင်ကျောင်းအချို့ ယာယီပိတ်ထားခဲ့ရာ ယခုအခါ ရေပြန်လည် ကျဆင်းလာသောကြောင့် စာသင်ကျောင်းများ စိစစ်ဖွင့်လှစ်‌ပေးလျက်ရှိပြီး၊ ယနေ့စာသင်ကျောင်း ၁၀ ကျောင်း ထပ်မံ၍ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

ယနေ့ဖွင့်လှစ်နိုင်သော စာသင်ကျောင်းများမှာ  အ.လ.က ၁ ကျောင်းနှင့် အ.မ.က ၉ ကျောင်း ၊စုစုပေါင်း ၁၀ ကျောင်းဖြစ်ပြီး၊ ယနေ့အထိ စာသင်ကျောင်း ၂၁ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ သံလျှက် စွန်းကျေးရွာရှိ မူလတန်းလွန်ကျောင်း ၁ ကျောင်းသာ ယာယီပိတ်ထားရဆဲဖြစ်ကြောင်း သိရသည်။

ရေကျဆင်း၍ ပြန်လည်ဖွင့်လှစ်‌ခဲ့သော ကျောင်းများတွင် သင်ခန်းစာများနောက်ကျမှု မရှိစေရေးအတွက် တနင်္ဂနွေနေ့များ၌ ကျောင်းဖွင့်လှစ်ကာ ပညာသင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)