အမာ ဩဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများသည် ဘဝသစ်ကျေးရွာအုပ်စု၊ အောက်ဆိပ်ကွင်းကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်းသို့ သွားရောက်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့နေ့လယ်(၁၂)နာရီအချိန်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်တင်လှက အဖွင့်အမှာစကားပြောကြားပြီးနောက် ဒုတိယဦးစီးမှူး နော်လေးလီယန်က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကလေး အလုပ်သမားပပျောက်ရေး အသိပညာပေးအကြောင်းများကို ဟောပြောခဲ့ပါသည်။ ဆက်လက်၍ စာကြည့်တိုက် လက်ထောက်-၃ နော်အေးအေးသက်က လူကုန်ကူးမှုအကြောင်း သိကောင်းစရာများကို ဟောပြောခဲ့ပြီး အသိပညာပေး နံရံကပ်စာစောင်များ ပြသထားမှုကို ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အမာ(ပြန်/ဆက်)