ရမည်းသင်း ဩဂုတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ ခရိုင် GEC နှင့် ရွှေသက်တံ့ငွေစု ငွေချေးသမဝါယမ အသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ရမည်းသင်းမြို့နယ်၊ မြို့နယ်သမဝါယမအသင်းစု သက်တံ့ရောင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် ခရိုင် GEC နှင့်ရွှေသက်တံ့ ငွေစုငွေချေး သမဝါယမအသင်း လီမီတက်ဉက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က သဘာပတိအဖြစ်ဆောင်ရွက်ကာ အဖွင့်အမှာစကား ပြောကြားပြီး အမှုဆောင်ဒါရိုက်တာအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းများနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို GEC သမဝါယမအသင်း အမှုဆောင်ဒါရိုက်တာ ဦးအောင်မြသိန်းမှလည်းကောင်း၊ ရွေသက်တံ့ ငွေစုငွေချေးသမဝါယမ အသင်း အမှုဆောင်ဒါရိုက်တာအဖွဲ့ ဒေါ်နန်းရွှေစင်ထွန်း မှဘဏ္ဍရေးရှင်တမ်းများကို ရှင်းလင်း တင်သွင်းခြင်းနှင့် အသင်းသားစာရင်းစစ်အဖွဲ့၏ လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို ဖတ်ကြားတင်သွင်းရာအသင်းသားများ၏ သဘောတူညီချက်ဖြင့် သဘာပတိက အတည်ပြုချက် ရယူခဲ့ကြောင်း သိရသည်။
ထို့နောက်တက်ရောက်လာသည့် အသင်းသားများ၏ အသင်းကောင်းကျိုးအတွက်အကြံပြုချက်များ၊ မေးမြန်းချက်များအား လက်ခံဖြေကြားရှင်းလင်းပြီး အသင်း သားများအား အစုပေါ်အမြတ်နှင့် စုဆောင်းပေါ်အတိုးများကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)