မဟာအောင်မြေ သြဂုတ် ၁၇
အခြေခံပညာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးနှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးအသင်း(ဗဟို-မန္တလေး)(AEDA-Mdy)တို့ ပူးပေါင်းကျင်းပသည့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ် ထွဋ်ခေါင်မြန်မာကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေဦးစွာထွဋ်ခေါင် မြန်မာတည်ထောင်အုပ်ချုပ်သူ ကျောင်းအုပ်ကြီးဦးဒီးကားရ်ကိုယ်စား ဆရာမကြီးဒေါ်အိအိအုန်းက သြဝါဒစကားချီးမြှင့်ခြင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေး အသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်က ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက်မြန်မာနိုင်ငံ မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးအသင်းမှ ဒေါ်ခင်မေပိုင်က မူးယစ်သမိုင်းကြောင်း၊ ဦးမြင့်သန်းက မူးယစ်ဆေးဝါးအမျိုးအစားများနှင့် ဆိုးကျိုးအန္တရာယ်ကို ဟောပြောသည်။
ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသားသူများအား ဒေါ်သင်းသင်းဦးနှင့် ဦးဝင်းမင်းလှိုင်တို့က မေးခွန်းများမေးမြန်းပြီး ဖြေဆိုသည့် ကျောင်းသား/သူ များအားဆုချီးမြှင့်ပြီး မူးယစ်ဆေးဝါးမသုံးစွဲစေရန် တက်ရောက်လာသည့် ကျောင်းသား/သူ များကသန္တိဌာန်ရွတ်ဆိုကြပြီး ကျောင်းသား/သူဦးရေ (၁၆၀)ကျော် တက်ရောက်ခဲ့သည်။
ဆက်လက်ပြီး ထွဋ်ခေါင်မြန်မာကိုယ်ပိုင်အထက်တန်းကျောင်းမမှ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေးအသင်းသို့ မူးယစ်ဆေးဝါး သုံးစွဲမှုပပျောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေပေးအပ်ရာ အသင်းဥက္ကဋ္ဌက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အောင်ဇော်မင်း