လေးမျက်နှာ ဩဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ နံရံကပ်စာစာင်နှင့် စာအုပ်/စာစောင်ပြပွဲကို ယမာန်နေ့နေ့လည်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လေးမျက်နှာမြို့နယ်ရုံး၊ Community Centre ခန်းမတွင်ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဦးစီးအရာရှိ ဦးတင်ရွှေက ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံစေရန်၊ အသိပညာဟုသုတရရှိစေမည့် စာအုပ်စာပေများ ဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတတိုးပွားစေရန်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများ ဖြစ်စေရန်ပြင်ပ စာအုပ်၊ စာပေတို့ကို လေ့လာရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို ဟောပြောခဲ့သည်။
ထို့နောက် ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များနှင့် နံရံကပ်စာစာင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ဖတ်ရှုလေ့လာခဲ့ကြောင်းသိရသည်။
မိုးသက်ကို (ပြန်/ဆက်)