ကန့်ဘလူခရိုင် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ပြိုင်ပွဲများ ကျင်းပပြုလုပ်

ကန့်ဘလူ ဩဂုတ် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ကဗျာရွတ်ဆို၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ နှင့်ပန်းချီ ပြိုင်ပွဲတို့ကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ကျောင်းသားကျောင်းသူများအား ဥာဏ်ရည်ဥာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကာယဉာဏစွမ်းရည်များ ထက်မြက်လာစေရန်၊ အသိပညာဗဟုသုတများ တိုးတက်လာစေရန်ရည်ရွယ်၍ ပြိုင်ပွဲများပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ မူလတန်းဆင့်ကျောင်းသား ကျောင်းသူ ၁၅ ဦးတို့က ကဗျာရွတ်ဆို၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ကြပြီး ပြိုင်ပွဲအပြီးတွင် ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်တရလက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်းသိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)